Friday, September 14, 2007

History OF Phaung Daw Oo

ဤကျောင်းတော်၏ အကျဉ်းချုပ်သမိုင်း

မူလတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၆၅ နှင့် ၁၉၈၂ အတွင်းမှာ တရားဝင် ခွင့်ပြုချက်မရှိပဲ စတင် အစပျိုးခဲ့သည်။

သို့သော် ၁၉၉၃ တွင် အစိုးရ အသိမှတ်ပြုသော ဘုန်းတော်ကြီးသင် မူလတန်း ပညာရေးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဖွင့်လှစ်နိုင်ခဲ့သော နှစ်တွင် ကျောင်းသားဦးရေမှာ ၄၅၀ သာရှိပြီး ဆရာ/မ ဦးရေမှာ ၁၇ ယောက်သာ ရှိခဲ့သည်။ မိမိကျောင်းမှ မူလတန်းအဆင့်ကို အောင်မြင်သွားသော ကျောင်းသူ/သားများအား အလယ်တန်းဆင့် ပညာနှင့် အထက်တန်းဆင့် ပညာများကို (ဆက်လက် ဆည်းပူးနိုင်ရန်) အတွက် ဆရာတော်နှစ်ပါးမှ ကြိုးပမ်းခဲ့သည်။ အလယ်တန်း(ဘ/က) နှင့် အထက်တန်း(ဘ/က) ကို တရားဝင် ဖွင့်လှစ်ရန် ကြိုးပမ်းဆဲ ကာလတွင် မူလတန်းအောင် ကလေးများအား အလယ်တန်းဆင့်နှင့် အထက်တန်း ဆင့် ပညာများကို ကျူရှင်ပေးခြင်း အားဖြင့် မည်သည့် အခကြေးငွေမျှမယူပဲ ကူညီမှုပေးခဲ့သည်။ ဆရာတော် နှစ်ပါးထံမှ အထက်တန်းအောင်၍ ဘွဲ့အသီးသီး ရရှိခဲ့ကြသော ကျောင်းသား/သူများသည် ဆရာတော် နှစ်ပါးထံတွင် ပြန်လည်၍ ကလေးငယ်များအား စာသင်ကြား လျှက်ရှိကြသည်။ ဆရာတော် နှစ်ပါးနှင့် အတူ ဆရာ/မများ၏ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှုကြောင့် ဖောင်တော်ဦး အလယ်တန်း(ဘ/က) ကို ဆက်လက်ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော် နှစ်ပါးသည် ကျောင်းသူကျောင်းသားများကို အခမဲ့ ပညာသင်ကြားနိုင်ရန် နှင့် ပျော်ရွှင်စွာ သင်ကြားနိုင်ရေး အတွက် ဆရာ/မများနှင့် အတူ စည်းလုံးညီညွှတ်စွာ ကြိုးပမ်း ဆောင်ရွက်သောကြောင့် အခက်အခဲများစွာ ကို ဖြတ်ကျော် ရင်ဆိုင်နိုင်ခဲ့ပြီး အစိုးရ၏ အသိအမှတ်ပြုသော ဖောင်တော်ဦး ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း အဖြစ် ရပ်တည် နေနိုင်ခဲ့သည်။ ယခုအချိန်တွင် ကျောင်း၌ ကျောင်းသား ကျောင်းသူပေါင်း ၇၂၂၅ ကျော် ဆရာ^မပေါင်း 150 ကျော်တို့ သည် ပျော်ရွှင်စွာ ပညာသင်ယူပို့ချလျှက်ရှိကြသည်။ ကျောင်းတွင် စာသင်ကြားမှု အပိုင်းတွင် သာမက အခြားလူမှုရေးဆိုင်ရာ လုပ်ငန်းများကိုလည်း တတ်နိုင်သလောက် ဆောင်ရွက်လျှက်ရှိသည်။
ကျောင်းကြီး၏လုပ်ဆောင်မှု ဆိုင်ရာဆောင်ရွက်ချက်များ

(၁) သင်ကြားမှုဆိုင်ရာ အဖွဲ့အစည်းများ
(၂) ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ
(၃) မိဘမဲ့ကလေးကျောင်း
(၄) အာဟာရကျွေးမွေးရေးအဖွဲ့အစည်း
(၅) အသက်မွေးဝမ်းမှုဆိုင်ရာသင်တန်းများ
(၆) ကွန်ပျူတာသင်တန်းများ
(၇) စက်ချုပ်သင်တန်းများ
(၈) လက်သမားသင်တန်းများ
(၉) ကားဝပ်ရှော့
(၁၀) စာကြည့်တိုက်
(၁၁) အော့ဖ်ဆက်လုပ်ငန်း

No comments: