Friday, September 14, 2007

History OF Phaung Daw Oo

ဤကျောင်းတော်၏ အကျဉ်းချုပ်သမိုင်း

မူလတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၆၅ နှင့် ၁၉၈၂ အတွင်းမှာ တရားဝင် ခွင့်ပြုချက်မရှိပဲ စတင် အစပျိုးခဲ့သည်။

သို့သော် ၁၉၉၃ တွင် အစိုးရ အသိမှတ်ပြုသော ဘုန်းတော်ကြီးသင် မူလတန်း ပညာရေးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဖွင့်လှစ်နိုင်ခဲ့သော နှစ်တွင် ကျောင်းသားဦးရေမှာ ၄၅၀ သာရှိပြီး ဆရာ/မ ဦးရေမှာ ၁၇ ယောက်သာ ရှိခဲ့သည်။ မိမိကျောင်းမှ မူလတန်းအဆင့်ကို အောင်မြင်သွားသော ကျောင်းသူ/သားများအား အလယ်တန်းဆင့် ပညာနှင့် အထက်တန်းဆင့် ပညာများကို (ဆက်လက် ဆည်းပူးနိုင်ရန်) အတွက် ဆရာတော်နှစ်ပါးမှ ကြိုးပမ်းခဲ့သည်။ အလယ်တန်း(ဘ/က) နှင့် အထက်တန်း(ဘ/က) ကို တရားဝင် ဖွင့်လှစ်ရန် ကြိုးပမ်းဆဲ ကာလတွင် မူလတန်းအောင် ကလေးများအား အလယ်တန်းဆင့်နှင့် အထက်တန်း ဆင့် ပညာများကို ကျူရှင်ပေးခြင်း အားဖြင့် မည်သည့် အခကြေးငွေမျှမယူပဲ ကူညီမှုပေးခဲ့သည်။ ဆရာတော် နှစ်ပါးထံမှ အထက်တန်းအောင်၍ ဘွဲ့အသီးသီး ရရှိခဲ့ကြသော ကျောင်းသား/သူများသည် ဆရာတော် နှစ်ပါးထံတွင် ပြန်လည်၍ ကလေးငယ်များအား စာသင်ကြား လျှက်ရှိကြသည်။ ဆရာတော် နှစ်ပါးနှင့် အတူ ဆရာ/မများ၏ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှုကြောင့် ဖောင်တော်ဦး အလယ်တန်း(ဘ/က) ကို ဆက်လက်ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော် နှစ်ပါးသည် ကျောင်းသူကျောင်းသားများကို အခမဲ့ ပညာသင်ကြားနိုင်ရန် နှင့် ပျော်ရွှင်စွာ သင်ကြားနိုင်ရေး အတွက် ဆရာ/မများနှင့် အတူ စည်းလုံးညီညွှတ်စွာ ကြိုးပမ်း ဆောင်ရွက်သောကြောင့် အခက်အခဲများစွာ ကို ဖြတ်ကျော် ရင်ဆိုင်နိုင်ခဲ့ပြီး အစိုးရ၏ အသိအမှတ်ပြုသော ဖောင်တော်ဦး ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း အဖြစ် ရပ်တည် နေနိုင်ခဲ့သည်။ ယခုအချိန်တွင် ကျောင်း၌ ကျောင်းသား ကျောင်းသူပေါင်း ၇၂၂၅ ကျော် ဆရာ^မပေါင်း 150 ကျော်တို့ သည် ပျော်ရွှင်စွာ ပညာသင်ယူပို့ချလျှက်ရှိကြသည်။ ကျောင်းတွင် စာသင်ကြားမှု အပိုင်းတွင် သာမက အခြားလူမှုရေးဆိုင်ရာ လုပ်ငန်းများကိုလည်း တတ်နိုင်သလောက် ဆောင်ရွက်လျှက်ရှိသည်။
ကျောင်းကြီး၏လုပ်ဆောင်မှု ဆိုင်ရာဆောင်ရွက်ချက်များ

(၁) သင်ကြားမှုဆိုင်ရာ အဖွဲ့အစည်းများ
(၂) ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ
(၃) မိဘမဲ့ကလေးကျောင်း
(၄) အာဟာရကျွေးမွေးရေးအဖွဲ့အစည်း
(၅) အသက်မွေးဝမ်းမှုဆိုင်ရာသင်တန်းများ
(၆) ကွန်ပျူတာသင်တန်းများ
(၇) စက်ချုပ်သင်တန်းများ
(၈) လက်သမားသင်တန်းများ
(၉) ကားဝပ်ရှော့
(၁၀) စာကြည့်တိုက်
(၁၁) အော့ဖ်ဆက်လုပ်ငန်း

Read More...

Background Of Phaung Daw Oo

ဖောင်တော်ဦး (ပရဟိတ)ကျောင်းတော်ကြီး၏ စတင်တည်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက် ကို Read More နှိပ်၍ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

ဖောင်တော်ဦး ကျောင်းတော်ကြီးကို ၁၉၉၃ ခုနှစ်တွင် ဆရာတော် နှစ်ပါးမှ စတင် တည်ထောင် ခဲ့ပါသည်။ ပညာရေး လိုအပ်နေသည့် အမှန်တကယ် ဆင်းရဲပြီး ပညာရေးလိုအပ်နေသော ပတ်ဝန်းကျင်တွင် တည်ရှိသည်။ ထိုပတ်ဝန်း ကျင်တွင် ရှိသော မိသားစုများသည် ပညာရေးအတွက် အထောက်အပံ့ မပေးနိုင်သူများသား ဖြစ်ကြသည်။ ထို့ ကြောင့် ၁၉၉၃ ခုနှစ် မှစတင်၍ ယခုတိုင် ကျောင်းသား/ကျောင်းသူများအား အခမဲ့ ပညာသင်ယူနိုင်ရန် အတွက် ကြိုပမ်း ဆောင်ရွက်ခဲ့ပါသည်။ ဤကျောင်းတော်တွင် ပညာသင်ကြားလျှက် ရှိကြသော ကျောင်းသား/ကျောင်းသူ အများစုသည် ဆင်းရဲသော ကျေးလတ်ဒေသများနှင့် မဖွံ့ဖြိုးသေးသော တိုင်းရင်းသား ကျေးရွာများတွင် နေထိုင် သည့် မိဘများမှ ပေါက်ဖွားလာကြသူများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကလေးငယ်များ အတွက် အလင်းရောင်ပေးမယ့် လမင်း တစ်စင်းကဲ့သို့ ထွန်းလင်းတောက်ပ ပေးရန် အလို့ငှာ ဤကျောင်းတော်ကြီး ကို တည်ထောင်ခဲ့ရခြင်း ဖြစ်ပါသည်။

Read More...

Years 1993

ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက် က ဖောင်တော်ဦး ဘုန်းတော် ကြီးသင် ပညာရေး တွဲဖက် အထက်တန်းကျောင်း ၏ စတင် ဖွဲ့စည်းပုံ ဓါတ်ပုံလေး တွေကို ရနိုင် သလောက် စုပြီး တင်လိုက်ပါတယ်။ လေ့လာ ကြရအောင် Read More ကို နှိပ်ပြီး ကြည့်လိုက် ကြရအောင်လား။


အဖွဲ့လိုက် တပျော်တပါး


ဆရာ/ဆရာမများနှင့် တပည့်များ အမှတ်တရ


ကျောင်းအုပ် ဘုန်းဘုန်းကြီးနှင့် တပည့်များ


ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်


ဘုန်းဘုန်းကြီးမှ စာသင်ကြားနေစဉ်


ဟိုအရင်က စာသင်ကျောင်းဆောင်


အတိတ်က ပင်မ ကျောင်းဆောင်


ကျန်ခဲ့သောကာလက စာသင်ဆောင်လေး


ပင်မကျောင်းဆောင်၏ အရှေ့လမ်းမှာ ဥဒဟို

Read More...

1994-1996

ကဲ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အတွင်းက ဓါတ်ပုံမှတ်တမ်းလေးတွေကို Read More နှိပ်ပြီး ကြည့်ကြရ အောင်။ နောင်တစ်ချိန် ဖြစ်ပေါ်လာမယ့် ကြယ်ပွင့်လေးတွေကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ အတိတ် ပုံရိပ် တစေ့တစောင်းကိုပေါ့။


ဒီဇင်ဘာ ကျောင်းအားကစားပွဲ


ပြန်နှုတ်ဆက်လိုက်ပါဦးဗျာ


အဲဒီ့တုန်းက အခုလိုအောက်မှာထိုင်ကာ စာသင်ရတယ်


အရင်က ကျောင်းဈေှးဆိုင်ကလေး


သစ်ရိပ်မှီက စာသင်ခဲ့ကြရသည်


မင်္ဂလာပါ ဆရာမ


နှစ်တိုင်းလိုလို အကျီ င်္ဝေဖြစ်တယ်


နောက်တော့ စာသင်ခုံတွေ ဖန်တီးလိုက်တယ်လေ


ကျောင်းဆောင်လေးကို အဝေးမှ မြင်ရပုံ

Read More...

1997-1999

ဒီတစ်ခါ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်ထိ စုမိသမျှ ဓါတ်ပုံများကို ပြန်လည်တင်ပြထားပါတယ်။ ဒါလေးတွေကို ကြည့်ခြင်းအားဖြင့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်းကျောင်းလေး ကို ဘယ်လိုပုံစံနဲ့ စတင် အကောင်အထည်ဖော်ခဲ့တယ်ဆိုတာ လေ့လာနိုင်ပါတယ်။ ကဲ Read More ကို နှိပ်ပြီး ကြည့်လိုက်ပါဦး။


အတိတ်က ကျောင်းဆောင်လေး


အတိတ်ကျောင်းဆောင်လေးအတွင်းက ဆရာမနှင့် စာသင်သားများ


ဒီလို အခြေအနေကနေ စတင်ခဲ့ပါတယ်


တစ်ဆင့်ပြန်လည်ပြုပြင်ခဲ့တဲ့ ကျောင်းဆောင်လေးပါ


အဲဒီကျောင်းဆောင်အတွင်းမှာလည်း စာအံသံတွေနဲ့


ဘုန်းဘုန်းကြီးနှင့် ဆရာမများ ရင်းနှီးချစ်ခင်ကြည်ညိုစွာဖြင့်

Read More...

Thursday, September 13, 2007

2000-2003

ဒါကတော့ ၂၀၀၀-၂၀၀၃ ခုနှစ်က ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်ကျောင်း၏ မှတ်တမ်း ဓါတ်ပုံများကို အောက်တွင် Read More ကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။ လွန်ခဲ့ပြီးတဲ့ အတိတ်တစ်ခုရဲ့ ပြန်မရနိုင်တော့တဲ့ ပုံရိပ်တွေပေါ့။


စာသင်ကျောင်းဆောင်အတွင်းမှ ကျောင်းသား/သူများ


အရင်တုန်းက စာသင်ဆောင်အား အဝေးမှမြင်ရပုံ


ဘုန်းဘုန်းကြီး အကျီ င်္ဝေပေးနေပုံ


ဒီဇင်ဘာ ကျောင်းအားကစားပွဲ


ကျောင်းဆေးခန်းရှေ့တွင် ဘုန်းဘုန်းကြီးနှင့် ဆရာမများ


ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင်


ကျောင်းအုပ် ဘုန်းဘုန်းနှင့် ဆရာ/ဆရာမများအမှတ်တရ

Read More...

Years 2004

၂၀၀၄ ခုနှစ်က ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်းကျောင်း၏ ဓါတ်ပုံမှတ်တမ်း လေးများကို အောက်တွင်ပါသော Read More ကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။


စာရေးကိရိယာလည်းပေးတယ်


စာအုပ်၊ ခဲတံ နှင့် ခဲဖျက် အစုံပဲ


ကျောင်းဝတ်စုံကို ဘုန်းဘုန်းကြီးကိုယ်တိုင်ပေးတယ်


၂၀၀၄ ခုနှစ် အလုပ်ရုံအတွင်း


ကျောင်းစက်ချုပ်ခန်း


ကျောင်းစာကြည့်တိုက် Audio အခန်း


၂၀၀၄ ခုနှစ်က ကျောင်းစာကြည့်တိုက်လေး


အဲဒီ့တုန်းက စာသင်ခန်းလေး


သြစတေးလျ-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင်


ဘုန်းဘုန်းကြီးနှင့် ဆရာ/ဆရာမများ အမှတ်တရ

Read More...

Years 2005

ယခုဖော်ပြမည့် ဓါတ်ပုံများမှာ ၂၀၀၅ ခုနှစ်အတွင်း ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်းကျောင်း ၏ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါသည်။ အောက်တွင် Read More ကိုနှိပ်၍ ကြည့်ရှုပါ။


စာသင်သားများ


ကျောင်းခန်းအတွင်း


စာကြည့်တိုက်မှာ ပျော်ရွှင်စွာ


စာသင်ရာတွင်စိတ်ပါဝင်စားစွာ


ကျောင်းစာကြည့်တိုက်


ပြုံးပျော်ကြည်နူးစွာ


ကျောင်းစက်ချုပ်ခန်း


ဒီလိုလည်း IQ မြှင့်ပေးတယ်


ဒီအရွယ်လေးတွေကို ကွန်ပျူတာသင်ပေးတယ်


ကျောင်းဆေးခန်း


အလုပ်ရုံအတွင်းတွင်

Read More...